ဗန်းမော်မှာ ဗုံးလာခွဲတဲ့ KIA/PDF ၂ ဦးအားအသေဖမ်းမိ

ဗန်းမော်မြို့အတွင်း KIA/PDF အကြမ်းဖက်သမားများမှ ဗုံးခွဲတိုက်ရန်စီစဉ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းတွင် စီအင်ဘက်မှ ကျေးရွာလမ်းမအတိုင်း အရပ်ဝတ်ကျား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးရန် ကြိုးစားသဖြင့် မိမိဘက်မှ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အရပ်ဝတ်အကြမ်းဖက်သမား ကျား ၂ ဦးသေဆုံးပြီး ၎င်းတို့နှင့်အတူလက်ပစ်ဗုံး – ၂ လုံး၊ ရေခဲမုန့်မိုင်း – ၁ လုံး၊ ဓား -၁ ချောင်း၊ ဖုန်း -၁ လုံး၊ ဘေးလွယ်အိတ်- ၁ လုံးနှင့် ဆိုင်ကယ်- ၁ စီးသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။