အမြန်လမ်းမကြီးတွင် (၆)ဘီးယာဉ်တစ်စီး သစ်ပင်ဝင်တိုက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၈/၁)အနီးတွင် စက်တင်ဘာ (၁)ရက်၊ နံနက် (၇)နာရီခွဲ အချိန်ခန့်က၊ MITSUBISHI FUSO (၆)ဘီးယာဉ်သည် ယာဘက်ဘီးတာယာပွင့်ပြီး မြေသားလမ်းပေါ်ရှိ သစ်ပင်အားဝင်ရောက်တိုက်မိကြောင်း သတင်းအရ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရပါတယ်။

Crd