ကိုရီးယားနိုင်ငံက မြန်မာမုန်တိုင်းအကူအညီအဖြစ် အလှူငွေများ ပေးအပ်လှူဒါန်း

မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆိုးလ်းမြို့အခြေစိုက် THL Networks Co., Ltd ဥက္ကဋ္ဌ Mr. Cheong Sang-Jin နှင့် The Asian Union Forum တို့က အလှူငွေ ကိုရီးယားဝမ် တစ်သန်းစီတို့ကို မေ ၂၉ ရက်နေ့တွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့သည်ဟု သိရသည်။

ထိုနောက် သံအမတ်ကြီးက မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုးခဲ့ရမှုများကို ရှင်းလင်းပြောကြားကာ အခုကဲ့သို ပံ့ပိုးပေးသည့်အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြား၍ ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။