အမျိုးသား မီတာ ၁၀၀ မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့တဲ့ ထက်ရှိင်းအောင်

၂၀၂၃ ခုနှစ် အသက် ၂၅ နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသား မီတာ ၁၀၀ တွင် ထက်ရှိုင်းအောင်(တနင်္သာရီ) က ၅၄ နှစ်အကြာ၌ မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အသက် ၂၅ နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲ၏ အမျိုးသား မီတာ ၁၀၀ တွင် ထက်ရှိုင်းအောင်(တနင်္သာရီ)သည် ၁၉၆၉ ဆီးဂိမ်းစ် (ကျွန်းဆွယ်)ပြိုင်ပွဲ၌ စိုးဝင်း (ဦး)ရရှိခဲ့သည့် မြန်မာပြည်စံချိန် (၁၀.၆၄)စက္ကန့်ကို (၁၀.၅၈)စက္ကန့် ဖြင့် ၅၄ နှစ်အကြာ၌ စံချိန်ချိုးကာ မြန်မာပြည် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အသက် ၂၅ နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် စံချိန်သစ်များအဖြစ် အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲ၌ သိမ့်သိမ့်သူ (စစ်ကိုင်း)က (၄၀.၃၅) မီတာဖြင့်လည်းကောင်း၊ အမျိုးသား သံပြားဝိုင်းပစ် ပြိုင်ပွဲ၌ ထက်ဝေယံ (ရှမ်း)က (၄၄.၆၉) မီတာဖြင့်လည်းကောင်း၊ အမျိုးသမီးတုတ်ထောက်ခုန်ပြိုင်ပွဲ၌ ယုယုပိုင် (တနင်္သာရီ)က (၃.၁၇) မီတာဖြင့်လည်းကောင်း၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၌ ၀ိုင်ထက်ပိုင် (တနင်္သာရီ)က (၇.၃၄) မီတာဖြင့်လည်းကောင်း၊ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၌ သွယ်သွယ်မိုး (တနင်္သာရီ)က (၄၆.၀၅) မိီတာဖြင့်လည်းကောင်း၊ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၌ ၀ါ၀ါရွှေ (စစ်ကိုင်း)က (၁၁.၇၁) မီတာဖြင့်လည်းကောင်း၊ အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲ၌ ထက်အောင်အောင် (ရန်ကုန်) က (၁.၉၅)မီတာဖြင့်လည်းကောင်း၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲ၌ ထက်ဝေယံ(ရှမ်း)က (၁၅.၀၃)မီတာဖြင့်လည်းကောင်း၊ အမျိုးသား မီတာ (၈၀၀)ပြိုင်ပွဲ၌ ဖြိုးကျော်ဇင်ဦး (ရှမ်း) က (၁း၅၃.၄၄)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသားမီတာ (၂၀၀)ပြိုင်ပွဲ၌ ထက်ရှိုင်းအောင်(တနင်္သာရီ)က (၂၁.၃၈)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသား မီတာ (၁၀၀)ပြိုင်ပွဲ၌ ထက်ရှိုင်းအောင်(တနင်္သာရီ)က (၁၀. ၅၈)စက္ကန့်ဖြင့်လည်းကောင်း စံချိန်သစ်များ တင်နိုင်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို တနင်္သာရီတိုင်းက ရွှေ (၂၄)၊ ငွေ (၇)၊ ကြေး (၃)တို့ဖြင့် ရရှိခဲ့သည်။

crd;