မှော်ဘီလေတပ်အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခံရတယ်လို့ Khit Thit မှ သတင်းအမှားရေး

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီအချိန် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုကြောင့် မှော်ဘီလေတပ်အတွင်း ပေါက်ကွဲမှုများဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး ၃ ကြိမ်ပေါက်ကွဲခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း စစ်တပ်က မင်္ဂလာဒုံ၊ မှော်ဘီနှင့် ရန်ကုန်မြို့အဝင်အထွက်အားလုံးကို စစ်တပ်ကပိတ်ဆို့ စစ်ဆေးသောင်းကျန်းခဲ့ကြောင်း၊ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုကြောင့် လေယာဉ်များသိုလှောင်ထားရှိ ပြုပြင်ရာဟန်ဂါအဆောက်အအုံတစ်ခုထိမှန်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ-အောက်တိုဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက်သမားများမှ ပစ်ခတ်သော ရှော့တိုက်ဒုံးသည် မှော်ဘီမြို့ရှိလေတပ်ကိုထိမှန်ခြင်းမရှိဘဲ ပြည်သူများနေထိုင်သည့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်းဒေသတွင်းသတင်းပေးပို့ချက်အရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF တွေ လူနေရပ်ကွက်ကို ပစ်မှတ်ထားပြီး ရှော့တိုက်ဒုံးပစ်တာကို လေတပ်မှာ ကျရောက်ပေါက်ကွဲပြီး ဟန်ဂါ အဆောက်အဦးထိမှန်ခဲ့တယ်လို့ အောက်တန်းကျစွာလိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။