အမေရိကန် လပ်စ်ဗီးဂတ်စ်ရှိ နီဗားဒါးတက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူသုံးယောက်သေဆုံး

အမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့ရှိ နီဗားဒါးတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတယောက်ဟာလည်း ဆေးရုံမှာစိုးရိမ်ဖွယ်အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။ အမည်မသိရသေးတဲ့ သေနတ်သမားလည်း အခင်းဖြစ်ရာမှာ သေဆုံးသွားခဲ့ပါတယ်။