အမေရိကန်တွင် လျင်မြန်စွာကူးစက်ပျံ့နှံလာသည့် အိုမီခရွန်မျိုးကွဲ XBB.1.5

အမေရိကန်တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးရသေးသည်။ အသက် ငါးနှစ်အထက် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသည့်အရေအတွက်မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိသည်။ အသက် ၆၅ နှစ်နှင့်အထက်များမှာ ကိုဗစ်-၁၉ ကူးစက်မှုတွင် အန္တရာယ်ရှိသည့်အသက်အုပ်စုဖြစ်ပြီး ယင်းအသက်အုပ်စုမှာကာကွယ်ဆေးထိုးထားသည့် ရာခိုင်နှုန်းမြင့်မားသည်။ အသက် ၆၅ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေးထိုးထားသည့်ဦးရေမှာ ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ အမေရိကန်အစိုးရသည်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြရန် နှစ်စဉ်စည်းရုံးမှုကိုလုပ်ဆောင်ရန် ရည်မှန်းထားသည်။

အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း ကာကွယ်ဆေးထိုးထားပါက မိမိကိုယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးမထိုးထားလျှင်မူ မိမိကိုယ်တိုင်သာမက အခြားသူများကိုပါ မလိုလားအပ်သည့် အန္တရာယ်ဖြစ်လာစေနိုင်သည်ဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အမေရိကန်သမ္မတက ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။