အစာအိမ်ရောင်ခြင်းနှင့်ကျန်းမာရေး

အစာအိမ်ရောင်ခြင်းသည် ပျို့အန်ခြင်းနှင့် အစာမကြေခြင်းတို့ကိုဖြစ်စေနိုင်ပြီး အခြားသောအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကိုပါဖြစ်စေနိုင်ပါသည်။

အစာအိမ်ရောင်ခြင်းဆိုတာဘာလဲ

Gastritis အစာအိမ်ရောင်ခြင်းသည် အစာအိမ်အတွင်းအကာအရံများရောင်ရမ်းခြင်းဖြစ်ပြီး (Acute Gastritis) ရုတ်တရက်ပြင်းထန်သောအစာအိမ်ရောင်ရမ်းခြင်းနှင့် (Chronic Gastritis)နာတာရှည်အစာအိမ်ရောင်ခြင်းတို့သည် မကုသဘဲထားပါကအခြား မလိုလားအပ်သောရောဂါများနှင့် အစာအိမ်ကင်ဆာကိုဖြစ်စေနိုင်ပြီး အသက်ကိုပါထိခိုက်စေနိုင်ပါသည်။ အစာအိမ်အားနည်းခြင်းသည် အစာခြေရည်များကို ပျက်စီးစေပြီး အစာအိမ်ရောင်ခြင်းကိုဖြစ်စေပါသည်။ အစာအိမ်ပါးလွှာခြင်း (သို့မဟုတ်) ပျက်စီးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းပိုးဝင်ခြင်းများသည် အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အဖြစ်များဆုံး ဘက်တီးရီးယားပိုးဝင်ခြင်းမှာ အစာအိမ်အတွင်းပိုင်းကိုကူးစက်နိုင်သော Helicobacter pylori (H.Pylori) ဘက်တီးရီးယားကြောင့်ဖြစ်ပါသည်။ ရောဂါပိုးသည် အများအားဖြင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်စေနိုင်သော်လည်း အခြားမသန့်ရှင်းသော အစားအစာများ (သို့မဟုတ်) ရေမှတစ်ဆင့်လည်း ကူးစက်စေနိုင်ပါသည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော အစာအိမ်ရောဂါ၏လက္ခဏာများမှာ

အန်ခြင်း၊ ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပြီး အစာအဆိပ်သင့်ခြင်းဟုခေါ်ပါသည်။ တိရိစ္ဆာန်များနှင့် နီးကပ်စွာထိတွေ့ခြင်းကြောင့်လည်း ပိုးကူးစက်မှုဖြစ်ပွားနိုင်ပါသည်။ အစာအိမ်ရောဂါလက္ခဏာများသည် ရောဂါပိုးကိုဖြစ်စေနိုင်သော ဘက်တီးရီးယားပေါ်မူတည်၍ ကွဲပြားခြားနားနိုင်ပါသည်။ ယုံကြည်စိတ်ချရသော သုတေသနအရင်းအမြစ်များအရ ရောဂါလက္ခဏာများမှာ အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ကြွက်တက်ခြင်း၊ ဝမ်းထဲတွင်သွေးပါခြင်း၊ ဖျားခြင်းတို့ဖြစ်ပါသည်။ ရောဂါလက္ခဏာများ မသက်သာပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးကုသမှုခံယူသင့်ပါသည်။ ကလေးများတွင်လည်း ရောဂါလက္ခဏာများ မသက်သာပါက (သို့မဟုတ်) အော့အန်ခြင်းများ ဆက်လက်ဖြစ်ပေါ် ပါက ဆရာဝန်ထံပြသသင့်ပါသည်။ အထူးသဖြင့်(၃)လအောက် ကလေးများဝမ်းလျှောခြင်း (သို့မဟုတ်) အော့အန်ခြင်းများဖြစ်ပါက မပေါ့ဆသင့်ဘဲကုသမှုခံယူသင့်ပါသည်။

အစာအိမ်ရောင်ခြင်းဖြစ်စေနိုင်သောအကြောင်းအရင်းများ

အချို့သောအခြေအနေနှင့်လုပ်ဆောင်ချက်များကြောင့်လည်း အစာအိမ်ရောင်ခြင်းဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ ၎င်းတို့မှာ အရက်အလွန်အကျွံသောက်ခြင်း၊ Ibuprofen နှင့် Aspirin ကဲ့သို့သို့သော NSAID ဆေးများကို ပုံမှန်အသုံးပြုခြင်း (သို့မဟုတ်) အလွန်အကျွံအသုံးပြုခြင်း (သင့်တွင်အစာအိမ်ရောင်ခြင်းရှိပါက Non-Steroidal Anti-inflammatory Drug (NSAID) ဆေးများကို ရှောင်ကြဉ်သင့်မသင့်ကို ဆရာဝန်နှင့်ဆွေးနွှေးတိုင်ပင်သင့်ပါသည်။)၊ ကိုကင်းအသုံးပြုခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။ ထို့အပြင် အသက်ကြီးလာသည်နှင့်အမျှ အစာအိမ်အလွှာသည် သဘာဝအတိုင်းပါးလာသောကြောင့်လည်းဖြစ်တတ်ပါသည်။ အစာအိမ်ရောင်ခြင်း၏ အချို့သောပုံစံများသည် အထူးသဖြင့်ပါးလွှာသော အစာအိမ်လွှာရှိသူများတွင် အစာအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။ အစာအိမ်ရောင်ခြင်းသည် အစာအိမ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပြီး ပျို့အန်ခြင်း (သို့မဟုတ်) အော့အန်ခြင်းများ၊ ဝမ်းလျှောခြင်းများ ပါဝင်နိုင်သောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း နှစ်ခုလုံးကိုထိခိုက်စေနိုင်ပါသည်။

အစာအိမ်ရောင်ခြင်းကို လျှော့ချစေသောနည်းလမ်းများ

အစာအိမ်ရောင်ခြင်းကိုကာကွယ်ပေးနိုင်သော ရိုးရှင်းသောအဆင့်များမှာ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထကောင်းများကို ထိန်းသိမ်းခြင်း၊ လက်ဆေးခြင်းကဲ့သို့ အလေ့အထများသည်လည်း အစာအိမ်ရောဂါများကို လျှော့ချရန် ကူညီပေးနိုင်ပါသည်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့် စိတ်ဖိစီးမှု ပြေလျော့စေသော အလေ့အကျင့်များသည်လည်း အစာအိမ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။ ထို့အပြင် အကြော်များနှင့် အက်ဆစ်ဓာတ်ပါသောအစားအစာများ၊ ငန်သော အစားအစာများ၊ သကြားနှင့် စပ်သောအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။ ဆေးလိပ်၊ အရက်နှင့် ကဖိန်းဓာတ်ပါသော အစားအသောက်များကိုရှောင်ကြဉ်ခြင်း၊ အစာအိမ်နံရံကို ထိခိုက်စေနိုင်သော ဆေးဝါးများကို ရှောင်ကြဉ်ခြင်း၊ လူနေမှုပုံစံပြောင်းလဲခြင်းစသည်တို့သည် ပြင်းထန်သော အစာအိမ်ရောင်ခြင်း လက္ခဏာများကို လျှော့ချပေးနိုင်ပါသည်။

အစာအိမ်ရောင်ခြင်းကိုကာကွယ်ပါ

ဘက်တီးရီးယားအစာအိမ်ရောဂါကိုကာကွယ်ရန် ရေဓာတ်ပြည့်ဝစေရန်လိုအပ်ပြီး ဆိုဒီယမ်နှင့် ပိုတက်စီယမ်ကဲ့သို့သော အဟာရဓာတ်များကို မဆုံးရှုံးရန်လည်း အရေးကြီးပါသည်။ ဘက်တီးရီးယားအစာအိမ်ရောဂါပြင်းထန်ပါက ဆေးရုံသို့ပို့ဆောင်သင့်ပါသည်။ စားသုံးသင့်သော အစားအစာများကို နည်းနည်းနဲ့ မကြာခဏစားပါ၊ သစ်သီးဖျော်ရည်နှင့် ငှက်ပျောသီးကဲ့သို့သော ပိုတက်စီယမ်ပါသောအစားအစာများ သို့မဟုတ် အချိုရည်များကို စားသုံးပါ။ အစာအိမ်ရောင်သောသူများအတွက် သုတေသနပြုချက်အချို့၏ ဖော်ပြချက်မှာ ဟင်းသီးဟင်းရွက်များသည် အစာခြေကျန်းမာရေးကို ကောင်းမွန်စေသည်ဟုဆိုထားပါသည်။ သန့်ရှင်းလတ်ဆက်သောအစာအသောက်များကိုစားသုံးခြင်း၊ သဘာဝ အက်ဆစ်ဓာတ်နည်းသော အစားအစာများကိုစားသုံးခြင်း၊ အဆီဓာတ်နည်းသော အစားအစာများကိုစားသုံးခြင်း၊ ကြက်ပြုတ်ရည်သို့မဟုတ် အခြားအဟာရရှိသောအသားပြုတ်ရည်များကိုစားသောက်ခြင်း၊ အစားအစာများကို သေချာစွာကျက်အောင်ချက်ပြုတ်ခြင်း (ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ပြောကြားချက်အရ အစာအိမ်နှင့် အူလမ်းကြောင်း ပိုးဝင်ခြင်းသည် မသန့်ရှင်းသောအစားအစာများ၊ ဝက်သားစိမ်း (သို့) မကျက်သေးသော အသားများကို စားသောအခါတွင် ရောဂါဖြစ်ပွားတတ်သည်ဟုဆိုထားပါသည်။) အစာအိမ်ရောင်ခြင်း၏ အကြောင်းအရင်းပေါ်မူတည်၍ ကုသမှုကိုခံယူသင့်ပါသည်။ အစာအိမ်ရောင်ခြင်း လက္ခဏာများကိုလျော့ချရန် ဆရာဝန်ညွှန်ကြားသော ဆေးဝါးများကိုသောက်သုံးသင့်ပါသည်ခင်ဗျာ။

ဘက်တီးရီးယားအစာအိမ်ရောဂါဖြစ်စေသောအကြောင်းအရင်းများမှာ

ဘက်တီးရီးယားရှိသူသည် အစားအစာများ၊ အရာဝတ္ထုများနှင့် အခြားလူများကိုထိတွေ့မိလျှင် ဘက်တီးရီးယားပိုးများသည် အခြားသူများထံမှ ကူးစက်စေနိုင်သည့် အခွင့်အလမ်းပိုများစေနိုင်ပါသည်။ မျက်လုံး၊ ပါးစပ်နှင့် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို လက်ဖြင့်ထိမိပါက ဘက်တီးရီးယားများပျံနှံ့သွားနိုင်ပါသည်။ ခရီးသွားခြင်း၊ လူနေထူထပ်သောနေရာ နေထိုင်ခြင်းသည်လည်းဖြစ်နိုင်ခြေများပါသည်။ ထို့ကြောင့်လက်ကိုမကြာခဏဆေးခြင်းနှင့် အယ်လ်ကိုဟော (၆၀) ရာခိုင်နှုန်းထက်ပိုသော လက်သန့်ဆေးရည်အသုံးပြုခြင်းသည် သင့်ပတ်ဝန်းကျင်နှင့် အခြားသူများထံမှ ရောဂါပိုးမကူးစက်စေရန် ကူညီပေးနိုင်သည့် နည်းလမ်းများကို ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

⛳⛳အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများအားဆွေးနွေးတိုင်ပင်ကုသလိုပါက ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ပြင်ပလူနာဌာနတွင် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသနိုင်ပြီး လူနာများ၏ရောဂါအခြေအနေပေါ်မူတည်၍ OEC-OPTION ENDOSCOPY CENTER (အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန) နှင့် General Gastrointestinal Surgery (အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုများ) အားကျွမ်းကျင်သောအထူကုဆရာဝန်ကြီးများဖြင့် အကောင်းဆုံးဆောင်ရွက်ကုသပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”