သိန်းနီ-နမ္မတူတံတားအား အကြမ်းဖက်များကမိုင်းခွဲဖျက်ဆီး

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ သိန်းနီ-နမ္မတူတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ လမ်းတံတားများနှင့် ပြည်သူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးလျက်ရှိပြီး ပြည်သူများသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးနှောင့်နှေးကြံကြာအောင် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းများမှ အကြမ်းဖက်သမားများအား ထိရောက်စွာချေမှုန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။