သင်္ကြန်တွင်းတွင် မြို့ပတ်ရထား ပြေးဆွဲမှု ရပ်နားမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြိုပတ်ရထားပြေးဆွဲခြင်း ယာယီရပ်နားထားပြီး နှစ်ဆန်းတစ်ရက်နေ့မှ ပြန်လည်ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်မှ  သင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ ရက်) အထိ ရန်ကုန်မြိုပတ်ရထားပြေးဆွဲခြင်းအား ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

အဆိုပါ ယာယီရပ်နားထားမည့် ရန်ကုန်မြိုပတ်ရထားပြေးဆွဲခြင်းအား ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြိုပတ်ရထားလမ်းပိုင်း၌  အခေါက်ရေ ၂၆ ခေါက်နှုန်းဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ခရီးသည်ဦးရေလည်း တိုးတက်လျှက်ရှိကြောင်း သိရသည်။

myanmarfocus