ဝယ်လိုအားကောင်းနေသည့်အတွက် ဖရဲ၊ သခွားစျေး အတက်ဖက်တွင်ရှိနေ

ဝယ်လိုအားကောင်းနေသည့်အတွက် ဖရဲ၊သခွားစျေးသည်အတက်ဖက်တွင်ရှိနေကြောင်းဖရဲသခွားစိုက်တောင်သူကိုသစ္စာထံကသိရသည်။

“လက်ရှိဖရဲသခွားက ပြည်တွင်းစိုက်ပျိုးမှုနည်းတဲ့အတွက် စျေးကောင်းတယ်။ တရုတ်ဖက်ကအမှာလည်းကောင်းတယ်။စိုက်တဲ့သူက အရင်ကထက်၆၀ ရာခိုင်နှုန်းလောက်လျော့ကျတယ်။အရင်က၁၀ဧကစိုက်ရင်အခု၄ဧကလောက်ပဲ စိုက်တော့တယ်။အဲဒီအနေအထားတွေကြောင့်ဖရဲသခွားက စျေးကောင်းတာပါ။”ဟုကိုသစ္စာကပြောသည်။

၂၀၂၂ခု ဒီဇင်ဘာလနောက်ဆုံးပတ်မှ၂၀၂၃ခု ဇန်နဝါရီလပထမပတ်အတွင်း တစ်ကေဂျီကိုတရုတ်ယွမ်၄ယွမ်က၆ယွမ်ကြားထိတက်သွားကြောင်းသိရသည်။