လုံခြုံရေးအခြေအနေအရ မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များဖျက်သိမ်း

မော်လမြိုင်-ရန်ကုန် ရရထားလမ်းပိုင်းအား (၂၃.၃.၂၀၂၄) ရက်နေ့တွင်ပြင်ဆင်ပြီးဖြစ်သော်လည်းလတ်တလောတွင် ရထားလမ်းပိုင်း လုံခြုံရေးအခြေနေကြောင့် (၂၄.၃.၂၀၂၄) ရက်နေ့ မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် များအား ယာယီဖျက်သိမ်းလိုက် ကြောင်း မြန်မာ့မီးရထားမှသိရသည်။

သိုဖြစ်၍ (၂၄.၃.၂၀၂၄) ရက်နေ့အတွက်ဝယ်ယူထားသော အထက်တန်း၊ ရိုးရိုးတန်း လက်မှတ်များအား မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံတွင် နံနက် (၆:၀၀) နာရီမှ (၁၀:၀၀)ထိ လက်မှတ်ခငွေများ ပြန်အမ်းပေးသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။