တပေါင်းလပြည့်ည၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်

ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် မတ် ၅ ရက်(တပေါင်းလပြည့်ည) ၆ နာရီမှစတင်ကာ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ ထွန်းညှိပူဇော်ခဲ့ကြခြင်းဖြစ်ပြီး မီးပုံးပျံအလုံး ၁၀၀၀ ကိုလည်းလွှတ်တင်ခဲ့ကြကာ စုပေါင်းပဌာန်းရွတ်ဆိုခြင်းများလည်းပြုလုပ်ခဲ့ကြပြီးစတုဒိသာများလည်းကျွေးမွေးခဲ့တယ်လို့သိရပါတယ်။