မာန်အောင်မြို့နယ် ၊မုံရွာမြို့နယ်နှင့် မကွေးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကောရဗျကျေးရွာရှိသံဃာတော်များနှင့် ဒေသခံပြည်သူ ၆၇ ဦးတို့ကို အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၆၂ ဦးတို့ကိုဆေးကုသမူ့များဆောင်ရွက်ပေးခဲ့သည့်အပြင်  ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၂ ဦးအား  မာန်အောင်မြို့ရှိ မြို့နယ်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးကြသည်။