လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၅ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်က စစ်ကိုင်းမြို့နယ်၊ ပေါက်ကားရွာမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းသည် အင်းစရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် အင်းစရွာအနောက်ဘက် တောလမ်းတစ်နေရာအရောက်၌ အတန်းလိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်း၌ပါရှိသော ဂျန်ပါကြောင့်မိုင်းမကွဲဘဲ တော်လှန်ရေးရဲဘော် ၁ ဦးက လက်ပစ်မိုင်းဖြင့် ပစ်ခွဲတိုက်ခိုက်ခဲ့သောကြောင့် မိုင်းများ အားလုံးထကွဲပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂၀ ရက်နေ့၌ စစ်ကိုင်းမြို့နယ်၊ အင်းစရွာအနီးတစ်ဝိုက်တွင် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရတာမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ PDF တစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်ခွဲလို့ မိုင်းကွင်းကွဲပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်လို့ စိတ်ကူးယဉ်ဇာတ်လမ်းဆင်ကာ အထင်ကြီးအောင်ရေးသားထားခြင်းသာဖြစ်ပါတယ်။