ရေခဲတောင်တက်ခရီးစဥ်သွားရောက်ရန် ကြိုတင်စာရင်းပေးထားသူများရှိနေ

ကချင်ပြည်နယ်ရှိ ရေခဲတောင်တက်ခရီးစဥ်သွားရောက်ရန် ကြိုတင်စာရင်းပေးထားသူများရှိနေ

ကချင်ပြည်နယ်ရှိ ရေခဲတောင်တက်ခရီးစဥ်သွားရောက်ရန် သြဂုတ်လအတွင်း၌ပင် ကြိုတင်စာရင်းပေးထားသည့် ပြည်တွင်းခရီးသွားများရှိနေကြောင်း ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်များထံမှ သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် သြဂုတ် ၁၉ ရက်အထိ ရေခဲတောင်တက်ခရီးစဥ်သွားဖို့စာရင်းပေးထားတဲ့ ပြည်တွင်းခရီးသွားဦးရေ ၄၀ ဦးလောက်ရှိပါပြီ ထပ်တိုးလာဖို့ရှိတယ် ရေခဲတောင်တက်ချင်တဲ့ ပြည်ပခရီးသွားတွေလည်းရှိပါတယ်” ဟု ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်တစ်ဦးကပြောသည်။