ရန်ကုန်လေဆိပ်ပြည်ပထွက်ခွာ အဆောက်အဦး တိုးချဲ့တည်ဆောက်နေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်နဲ့ထွက်ခွာ အဆောက်အဦ တိုးချဲ့တည်ဆောက်နေမှု ကို အပိုင်း၄ ခုခွဲကာတည်ဆောက်မှုရှိနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်နဲ့ထွက်ခွာ ခရီးသည် အဆောက်အဦတိုးချဲ့ တည်ဆောက်နေမှုကို Yangon Aerodrome Co.Ltd ကတာဝန်ယူဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။

လေဆိပ် အဆောက်အဦတိုးချဲ့ တည်ဆောက်ရာတွင် အပိုင်းလေး ပိုင်းခွဲကာ တည်ဆောက်နေရာ၊ လက်ရှိ အပိုင်းတစ်အဖြစ် မြေ အောက်မှာ ခရီးသည်များရဲ့ကား များရပ်နားရန်နေရာနဲ့ခရီး သည်နားနေဆောင်တည်ဆောက် နေရာကြမ်းခင်းအမိုးများ အား ကွန်ကရစ်လောင်းရန်ပြင် ဆင်နေမှုကို အပိုင်း တစ်လုပ်ငန်းအနေနဲ့ ယခုအချိန်မှာလုပ်ဆောင်နေကြောင်းသိရပါတယ်။