ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

(ရမ်းဗြဲမြို့)

ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ရမ်းဗြဲမြို့အနီးအကြမ်းဖက်မှုများ ပြုလုပ်ရန်စုဖွဲ့နေသည့် AA အကြမ်းဖက်အဖွဲ့အား စစ်ကူတက်လာသည့် စစ်ကြောင်းများမှ ဝင်ရောက်ရှင်းလင်းရာ AA အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံး/ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း၊ ယင်းအပြင် နေ့လည် ၁၁ နာရီအချိန်ခန့်ကလည်း သိမ်တောင်ဘုရားကုန်း၌ လုံခြံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သားများမှ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်မှု၊ လေကြောင်းပစ်ကူဖြင့် ချေမှုူန်းမှုတို့ကြောင့် ပြန်လည် ထွက်ပြေးသွားကြကြောင်းနှင့် တိုက်ပွဲအတွင်း AA အကြမ်းဖက်အဖွဲ့ထံမှ အလောင်းလက်နက်များရရှိထားကြောင်း သိရှိရသည်။ လက်ရှိအချိန်၌ ရမ်းဗြဲမြို့အတွင်းသို့ စစ်ကူစစ်ကြောင်းများ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းကောင်း ကြားသိရပါသည်။

(ကျောက်တော်မြို့နယ်)

ယနေ့နံနက်ပိုင်းက ကျောက်တော်တပ်မဌာနချုပ်နှင့် ၃၇၆ တပ်တို့အား AA အကြမ်းဖက်အဖွဲ့မှ Drop Bomb ကြဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရင်ဆိုင်ထိန်းချုပ်ထားကာ ရန်သူ့နေရာများအား လက်နက်ကြီးများ/ လေယာဉ်ပစ်ကူများဖြင့် ပြန်လည်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။ ယင်းအပြင် တပ်မဌာနချုပ် ရန်သူလက်အောက်မကျရောက်စေရေးအတွက် လက်ရှိအချိန်၌ ၃၇၄ နှင့် ၃၇၅ တပ်မှ အရာရှိ/စစ်သည်များ သွားရောက်ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း သိရှိရသည်။

(ဘူးသီးတောင်မြို့နယ်)

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့သို့ဆက်သွယ်ထားသည့် ဖုံညိုလိပ်တံတား(စိုင်းတောင်တံတား)နှစ်ဖက်၌ လုပ်ခြုံရေးအဖွဲ့ဝင်များအား AA အကြမ်းဖက်သောင်းကျန်းသူများမှ ယနေ့နံနက် ၁၁ နာရီကျော်ခန့်မှစ၍ မိနစ် ၄၀ နီးပါး လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ယနေ့နေ့လည် ၁၂ နာရီခွဲခန့်ကလည်း ဒုံးသိမ်ရွာအနီး AA အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေကြောင်း သတင်းအရ တပ်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းရာ နှစ်ဖက်တိုက်ပွဲ (၁)နာရီခန့် ဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲ့ဝင်များ ၎င်းတို့၏ အလောင်းများနှင့် လူနာများအား ကားများဖြင့်တင်ကာ ယင်းရွာမှနေ၍ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

(မင်းပြားမြို့)

နယ်မြေခံတပ်ရင်းများဖြစ်သည့် ၃၇၉ နှင့် ၅၄၁ တပ်ဌာနချုပ်များ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေး၊ နယ်မြေခံတပ်များနှင့် အမြန်ဆုံးပေါင်းစည်းနိုင်ရေး လုပ်ဆောင်နေသည့်စစ်ကူတပ်စစ်ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့တို့ အိမ်ရှေ့မင်းရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

(မြောက်ဦးမြို့)

ယနေ့နံနက်ပိုင်း ၁၁ နာရီခန့်က ၅၄၀ တပ်၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိရင်ဆိုင်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ စခန်းရှိရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲခြင်းများရှိခဲ့ကြောင်း သိရှိရသည်။

-AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။