ဘာမှမလုပ်ဘဲ ဘာမှမရချင်ပါနဲ့

ကျောင်းပိုင် ရတယ်ဆိုတာ
ကိုယ်လုပ်ပိုင်ခွင့် ရတာကို ပြောတာ။

လုပ်ပိုင်ခွင့်ရတယ် လုပ်နိုင်တယ်ဆိုရင်
အဲဒါ ကျောင်းပိုင်တော့တာပဲလေ။
လုပ်နိုင်တယ်ဆိုတာ အရည်အချင်းရှိလို့။
အရည်အချင်း ရှိအောင် ကြိုးစားရမှာ။

ဘာမှ မလုပ်ဘဲနဲ့ နေရာတစ်ခုကို
အလကား မရချင်ကြနဲ့။
နေရာတစ်ခုအတွက် အလုပ်လုပ်ဖို့ လိုတယ်။

အလုပ်လုပ်တဲ့သူက
ဘယ်နေရာနေနေ ထင်ရှားလာတယ်။
ကျောင်းတိုက်ကြီးတွေ ကြည့်လိုက်
အလုပ်လုပ်တဲ့သူကသာ ထင်ရှားလာတယ်။

တချို့ဆို ကျောင်းထိုင်ဆရာတော်က မထင်ရှားဘဲ
အောက်တပည့်က ထင်ရှားနေတယ်။
အဲဒါဟာ အလုပ်လုပ်နေသူမို့ ထင်ရှားတာ။
ထင်ရှားလာပြီဆိုရင် မစ္ဆရိယဒဏ်လေးတွေ ခံရလေ့ရှိတယ်။

အထူးသဖြင့် အောက်ကသူက ထင်ရှားလာရင်
အထက်ကသူက မကြည်ဖြူချင်ဘူး။
ဒီလို မစ္ဆရိယလေးတွေကိုလည်း သတိထားကြ။

(ရဋ္ဌဂုရုဗိမာန်သို လာရောက်ကန်တော့ကြသော
ဝံသိကတပည့်များအား ပေးသော သြဝါဒမှ ကောက်နုတ်ချက်)

ပါမောက္ခချုပ်ဆရာတော်