ယာယီပိတ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်လည် ဖွင့်လှစ်

တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတာ အမှတ် (၁) ကို ယနေ့ ဧပြီ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်မှစတင်၍ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၁) ပေါ်မှ မဲဆောက်ဘက်သို့ မြန်မာနိုင်ငံသားများထွက်ခွာခြင်းကို ဧပြီ (၂၁) ရက် နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ တိုက်ပွဲများမရှိတော့ဘဲ နယ်မြေဒေသ အေးချမ်းသွားပြီဖြစ်သဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ရာ ထိုင်းနိုင်ငံဘက်သို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့် သွားရောက်ကြမည့်သူများလည်း အများအပြား ရောက်ရှိလာခဲ့ကြသည်ဟုဆိုသည်။

အလားတူ တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သော မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂) ကုန်သွယ်ရေး တံတားကိုလည်း မကြာခင်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

crd//𝙈𝙃𝙏𝙉𝙀𝙒𝙎