မြောက်ဥက္ကလာတွင် အကြမ်းဖက်များအား ထောင်ဒဏ်တစ်သက်နှင့် နှစ်ရှည်များချမှတ်

မြောက်ဥက္ကလာပမြိုနယ်အတွင်း နေထိုင်၍ အကြမ်းဖက်သမားများထံသို Wave pay ဖြင့် ငွေ(၁၅၅၀၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ပြီး လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် မဟုတ်မမှန်စာသားများရေးသား ဖြန့်ဝေခဲ့သူ အကြမ်းဖက်အားပေးတရားခံ-


အေးအေးမြင့်(ခ) အေးအေးမူ အား အကဖ-၅၀(ည)၊ ရာ-၅၀၅-(က)များအရ
ထောင်ဒဏ်တစ်သက်ချမှတ်။

မြောက်ဥက္ကလာပမြိုနယ်အတွင်းနေထိုင်၍ အကြမ်းဖက်သမားများထံသို ငွေ(၂)သိန်းကျပ် သွားရောက်ပေးခဲ့သူအကြမ်းဖက်အားပေး တရားခံ-

  • သွေးဆက်(ခ)သန့်ဇင်ဦး အား အကဖ-၅၀(ည)အရ
    ထောင်ဒဏ်တစ်သက်ချမှတ်။

လှိုင်သာယာမြိုနယ်အတွင်း နေထိုင်၍ KNUတပ်မဟာ (၁) နယ်မြေ၌အကြမ်းဖက်စစ်သင်တန်းအားတက်ရောက်ခဲ့ပြီး လှိင်မြိုနယ်၊ တံတားဖြူ မှတ်တိုင်အနီး၊ ဘောလုံးကွင်းရှေ့တွင် လက်လုပ်မိုင်းဖောက်ခွဲမှုတွင်လုံခြုံရေးတပ်ဖွဲဝင်များ၏အနေအား စောင့်ကြည့်ပေးခဲ့သူ အကြမ်းဖက်သမား တရားခံ-

  • ကျော်ဇေယျ(ခ) ရဲထက်ဦးအား အကဖ-၅၀(ဈ)အရ
    ထောင်ဒဏ်တစ်သတ်ချမှတ်။

မြောက်ဥက္ကလာပမြိုနယ်အတွင်းနေထိုင်၍ KNUတပ်မဟာ (၁)နယ်မြေအတွင်း အကြမ်းဖက်စစ်သင်တန်းအားတက်ရောက်ခဲ့ပြီးလက်လုပ်မိုင်း (၂)လုံးအား နေအိမ်တွင် သိမ်းဆည်းခဲ့သူအကြမ်းဖက်သမား တရားခံ-

  • ငြိမ်းကိုကို(ခ) ဂန္ဓမာအား အကဖ-၅၁(ဂ)အရ
    အလုပ်ကြမ်းနှင့် ထောင် ဒဏ် (၁၀)နှစ်ချမှတ်။

လှိုင်သာယာမြိုနယ်အတွင်းနေထိုင်၍ KNU တပ်မဟာ (၆)နယ်မြေတွင် အကြမ်းဖက်စစ်သင်တန်းအား တက်ရောက်ခဲ့ပြီးသူ အကြမ်းဖက်သမား တရားခံ

  • ဟိန်းသူအောင်(ခ) Ares အား အကဖ-၅၂(က) အရ
    အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇)နှစ်ချမှတ်။

မြောက်ဥက္ကလာပမြိုနယ် အတွင်းနေထိုင်၍ ဖောက်ခွဲရေးပစ္စည်းများအား ပိုဆောင်ပေးခဲ့သူ အကြမ်းဖက်သမား တရားခံ

  • မြင့်မြတ်စိုးအား အကဖ-၅၁ (က) အရ
    အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇)နှစ်ချမှတ်။

လှိင်သာယာ(အရှေ့ပိုင်း)နှင့်ဒဂုံ၊စမ်းချောင်း မြိုနယ်အတွင်းနေထိုင်၍ အကြမ်းဖက်ဆူပူ ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သူ အကြမ်းဖက်အားပေး တရားခံ-

  • စောအယ်ထူး (ခ)အယ်ထူး
  • မျိုးမြင့်ကျော် (ခ)မင်းထင်
  • သန္တာစိုး
  • လူမင်းမြတ်(ခ) လူလူ (ခ) တေဇ တို့အား ၅၀၅-က(ခ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်ချမှတ်။