မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို ခေါ်ယူဖို့ဂျပန်ကကမ်းလှမ်းစာပေးပို့ထားကြောင်း သံရုံးထုတ်ပြန်

မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို ခေါ်ယူ့ ဂျပန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေက ကမ်းလှမ်းထားတဲ့ စာတွေကို တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဂျပန် ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၃၅၀ နီးပါးကို သံရုံးက စက်တင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း စိစစ်ပေးထားခဲ့တာ ဆိုပါတယ်။ တစ်လကို မြန်မာလုပ်သား ၂,၀၀၀ ဝန်းကျင်ခေါ်ယူနေသလို လက်ရှိဂျပန်မှာရောက်ရှိလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၅၀၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။