မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA အဖွဲ့( ၈) ကြိမ်ခန့်ပါဝင်နေ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယမန်‌နေ့ မတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က-

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ပတ်သက် နေမှုများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း Mr. Kofi Annam ဦး ဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း။

ထို့ပြင် ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို(၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့ကြောင်း။

AA အဖွဲ့ ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြည်တွင်းသတင်းများ၌သာ ကြေညာခဲ့ပြီး နိုင်ငံတကာအထိ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့တယ်လို့သိရပါတယ်။