ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အောင်ပန်းမြိုရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု၍ ကျန်းမာရေး အခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်းအား ပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့။

စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီး များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်းသိရှိရ။