မိသားစုရေသဘင်မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အတက်နေ့ဖြစ် သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့သိရပါတယ်။