မတ်လ ၄ ရက်နေ့တိုက်ပွဲသတင်းများ

တာမခံ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံတပ်စခန်းအနီး တပ်မတော်စစ်ကြောင်းအား နေရာ ၂ နေရာမှ KIAနှင့် PDF ပူးပေါင်းအင်အား ၆၅ ဦးခန့်က ဒရုန်းဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ဆီဆိုင်
ရှမ်းပြည်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်ရဲစခန်းနှင့် ဆေးရုံအနီးရှိ လုံခြုံရေးနေရာများသို့ KNDF/PNLO နှင့် PDF ပူးပေါင်းအဖွဲ့များက အင်အားများဖြန့်ခွဲ၍ Drone ဖြင့် Drop Bomb များချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း ရန်သူ့အလောင်း ၁ လောင်း၊ အမ်အေ(၁၅) ၁ လက် သိမ်းဆည်းရမိခဲ့။

လွိုင်ကော်
ကယားပြည်နယ် လွိုင်ကော် လေယာဉ်ကွင်းအနီးသို့ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က ၁ ကြိမ်၊ အင်အား ၄၀ ဦးခန့်က ၁ ကြိမ်လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့။

ရမ်းဗြဲ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကလျာဏီသိမ်တောင်ဘုရားကုန်းသို့ AA သောင်းကျန်းသူအင်အား(စိစစ်ဆဲ) အဖွဲ့က စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့။

ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း နယ်မြေခံတပ်ရင်းဌာနချုပ်သို့ နေရာ ၃ နေရာမှ AA သောင်းကျန်းသူအင်အား(စိစစ်ဆဲ) အဖွဲ့မှ Drone များဖြင့် Drop Bomb များ ချ၍ တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီးတိုက်ပွဲများ ပြင်းထန်လျက်ရှိ။

ကျင်ဒွေး
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့အတွင်း လုံခြုံရေးဆောင်ရွက်စဉ် အကြမ်းဖက် ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

#တိုက်ပွဲသတင်းစုံ