မတ်လ ၂၇ ရက်နေ့ တိုက်ပွဲသတင်းများ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်

မိုးမောက်မြို့နယ်အတွင်းရှိ စိန်လုံစခန်းသို့ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် ပြန်လည်ပစ်တိုက်ခိုက်ခဲ့။

ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၃ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်း ၅၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

မကွေးတိုင်း

မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်ခုပ်တောရွာ မြောက်ဘက်သို့ အရောက် PDF ၁၀ ဦးခန့်က ပစ်ခတ်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၁၅၂ တောင့်၊ အိုင်ကွန် ၆ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ မော်တော်ယာဉ် ၂ စီး သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

ထီးချိုင့်မြို့၊ ရွှေဂူတောင်ဘုရားကုန်းသို့ နေရာ ၃ နေရာမှ KIA နှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၇၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ကလေးမြို့မြောက်ဘက် ပျဉ်ခုံလေးကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ် ဆိုင်ကယ် မောင်းနှင်လာသော အကြမ်းဖက် ကျား ၂ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့။

ကေအေ ၁ လက်၊ အမ်(၂၂) ၁ လက်၊ ကျည် ၃၀ တောင့်၊ ကျည်အိမ် ၃ ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့။

ပဲခူးတိုင်း

အုတ်ဖိုမြို့ အရှေ့မြောက်ဘက်ရှိ ထန်းပင်ကုန်းကျေးရွာအနီးလမ်းဆုံ၌ လုံခြုံရေးဆောင်ရွက် နေစဉ် PDF အကြမ်းဖက် ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် စတင်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ် ၄၀ မမ ၂ လက် သိမ်းဆည်းရမိခဲ့။