မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်အပြစ်ကိုယ်ကြည့်မှအမှားနည်းမှာပါ

ဘယ်သူ့ကိုမှ
သံသယမျက်လုံးနဲ့ မကြည့်နဲ့
ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းစေတယ်။

ဘယ်သူ့ကိုမှ
အပြစ်မြင်စိတ်နဲ့ မကြည့်နဲ့
ကိုယ့်အပြစ် ကိုယ်မမြင်ရင်
ပြုပြင်ဖို့ ခက်ခဲသွားတတ်တယ်။

ဘယ်သူ့ကိုမှ
မကောင်းစိတ်နဲ့ အဆိုးမမြင်နဲ့
အလကားနေရင်း
ကိုယ့်စိတ်လေး ညစ်နွမ်းရတတ်တယ်။

လောကမှာ
အကောင်းနဲ့ အဆိုး
ဒွန်တွဲနေတဲ့အတွက်
ကိုယ်တိုင်သာ အဆိုးထဲမပါအောင်
မေတ္တာနဲ့နေပြီး ဥပေက္ခာသုံးတတ်ဖို့
လိုပါတယ်။

သူများရဲ့
ကောင်းခြင်းဆိုးခြင်းတွေကို
ဝေဘန်နေခြင်းဟာ
ကိုယ်ပိုင်တဲ့အချိန်ကို ဖြုန်းတီးရာ
ရောက်ပြီး အကုသိုလ်ကို ရှာယူနေသလိုဖြစ်တတ်တယ်။

ဒါ့ကြောင့်..
ကိုယ့်အပြစ်ကိုသာ
ကြည့်ပြီး အမှားနည်းအောင် ပြုပြင်ပါ။
အမှားနည်းရင်..
ပြဿနာနည်းလို့ အကုသိုလ်နည်းပါတယ်။

သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု ။ ။

🙏 အရှင်နန္ဒိယ(သာကီနွယ်)🙏