မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

“နှလုံးလှ ဆုံးမစာ ”
🙏🙏🙏

♦ လုပ်တိုင်းမဖြစ် ၊ စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာ ၊ ဖြစ်နေပါက
ဘယ်မှာ အနတ္တရှိမည်နည်း ။

♦ ပြောတိုင်းမရ ၊ ဒေါမထနှင့်
ကိုယ်ပြောတိုင်းသာ ၊ ရနေပါက
ဘယ်မှာ အနတ္တရှိမည်နည်း ။

♦ ကြံတိုင်းမမြောက် ၊ စိတ်မဖောက်နှင့်
ကြံစည်တိုင်းသာ ၊ ပြီးမြောက်ပါက
ဘယ်မှာ အနတ္တရှိမည်နည်း ။

♦ ဆင်းရဲကြုံမှု ၊ မညည်းညူနှင့်
ချမ်းသာချည်းသာ ၊ ကြုံနေပါက
ဘယ်မှာ ဒုက္ခရှိမည်နည်း ။
ပျက်စီးတိုင်းလျှင် ၊ မပူပင်နှင့်
မပျက်စီးကာ ၊ ခိုင်မြဲပါက
ဘယ်မှာအနိစ္စ ရှိမည်နည်း ။

♦ အာရုံဟူသမျှ ၊ မတောင့်တနှင့်
အာရုံတိုင်းသာ ၊ တောင့်တပါက
ဘယ်မှာလောဘ ဆုံးမည်နည်း ။

♦ အရာရာမျိုး ၊ စိတ်မဆိုးနှင့်
နေရာတိုင်းသာ ၊ စိတ်ဆိုးပါက
ဘယ်မှာဒေါသ ဆုံးမည်နည်း ။
♦ သိဉာဏ်မလိုက် ၊ သင်မမိုက်နှင့်
အသိဉာဏ်မရ ၊ မိုက်နေပါက
ဘယ်မှာမောဟ ဆုံးမည်နည်း ။

♦ ဗုဒ္ဓတရား ၊ မေ့မထားနှင့်
ဆုံးမတိုင်းသာ ၊ ကျင့်ကြံပါက
ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း။
မူရင်း……..CD…..