မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

အပေါ်ယံတွေကို သည်းခံပါ

ခွင့်လွှတ်ပေးလိုက်ခြင်းဟာ
တစ်ဖက်လူတွေ သိသိ မသိသိ
ကိုယ့်မှာ အရင်အေးချမ်းရပါတယ် ။

မျိုသိပ်ထားတဲ့ မကျေနပ်မှုတွေဟာ
တစ်သက်လူ မသိပေမယ့်လည်း
ကိုယ့်မှာတော့ ပူလောင်နေရပါတယ် ။

လူသားတွေဟာ
ခွင့်လွှတ်ရင်အေးမယ်မှန်းသိလျက်ရင်

မုန်းစွဲခံစားချက်ကအရမ်းပြင်းတော့
စိတ်ထဲကနေ ထုတ်မပစ်နိုင်ကြဘူး ။

ကိုယ့်ဒေါသကို မဖယ်ပစ်နိုင်ရင်တော့
တငွေ့ ငွေ့နဲ့ ပူလောင်နေရမှာပါ ။

ကိုယ်ဖြစ်ချင်တာ
မဖြစ်ရလို့ ဆင်းရဲနေတာဟာ
ကိုယ့်စိတ်ကို လွတ်ထားလို့ဖြစ်တာပါ ။

အပေါ်ယံသူများပြောတာကိုတောင်
စိတ်ထဲမှာ သည်းမခံနိုင်ဘူးဆိုရင်

နောက်ဆုံး ကိုယ့်ခန္ဓာက နာလာရင်
သည်းခံနိုင်ဖို့ ခက်သွားနိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ #သီ🙏🙏🙏