ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကျင်းပ

အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးပထမရက်အား ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဘက်မှ ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် ကော်မတီဝင် ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။