မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်အတွက်အားဖြစ်စေဖို့

အထင်ကြီးစေချင်တဲ့စိတ်အခံရှိသူက
အထင်မကြီးခံရတဲ့အခါ
စိတ်မကောင်း ဖြစ်ရတတ်တယ် ။

အထင်သေးခံရတာကို
သည်းမခံနိုင်တဲ့သူက
စိတ်ဓာတ်တွေရိုင်းသွားတတ်တယ် ။

သူများအထင်ကြီးလို့လည်း
ကိုယ်ဘ၀ဟာ ပိုမကောင်းလာသလို

အထင်သေးခံရလိုလည်း
ကိုယ့်ဘ၀ဟာ နိမ့်ကျမသွားပါဘူး ။

ကိုယ့်ပါရမီကံ ရှိသလောက်ပဲလုပ်ပါ
ကိုယ့်လုပ်နိုင်သလောက်ပဲလုပ်ပါ ။

ရလာဒ်အနေထားအပေါ်မှာကြည့်ပြီး
တန်ဖိုးကို ဆုံးဖြတ်လို့မရပါဘူး ။

စင်ကြယ်ရိုးသားမှုဂုဏ်နဲ့
ဘယ်လိုရလာသလဲကို ကြည့်ပြီးမှ
တန်ဖိုးဖြတ်ကြရမှာပါ ။

အထင်ကြီးမှုသေးမှုဆိုတာဟာ
အပေါ်ယံကြည့်ပြီးဆုံးဖြတ်တာဖြစ်လို့

ကြိုးစားရှာဖွေမှုက စင်ကြယ်ပြီး
ကိုယ့်ဂုဏ်သိက္ခာ မညိုးနွမ်းဘူးဆိုရင်
ကိုယ့်အတွက် အားဖြစ်နေမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏