အမ်းမြို့ရှိ တပ်မတော် ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း

   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရာက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ တပ်မတော်ဆေးရုံ၌ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် အမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသည်။

       သွေးလှူဒါန်းနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ တယ်လို့သိရပါတယ်။