မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အနည်းဆုံးတော့ ပြုံးလိုက်ပါ🌷

ကံရေစက် မကုန်ခင်အချိန်‌လေးပဲ
လက်တွေမြဲနေကြတာဖြစ်လို့

မြဲနေကြတုန်းမှာ
မေတ္တာမပျက်အောင်နေထိုင်ပါ ။

မောင်နှမသားချင်းဖြစ်ရင်တောင်
အိမ်ထောင်မကျခင်ပဲ နေခွင့်ရပါတယ် ။

အိမ်ထောင်ပြုသွာရင်
အတူနေဖို့ အခွင့်ရေးမရတော့ပါဘူး ။

စိတ်တူကိုယ်တူ ဘ၀ထူးထားရင်လည်း
နောက်ဆုံးအသက်ထွက်ချိန်ထိ
မခွဲမခွာခင်ပဲ အတူနေခွင့်ရှိနိုင်တယ် ။

သံသရာခရီးကြတော့
မတူသွား‌‌နေဖို့ မဖြစ်နေနိုင်တော့ဘူး ။

သေခါနီးမှာ စိတ်ညွတ်တဲ့အတိုင်း
ပြုထားခဲ့တဲ့ ကံတွေအတိုင်း
တစ်လမ်းစီ ရွေးချယ်ရတော့မှာပါ ။

ဒါကြောင့် မသေခင်အချိန်‌လေးမှာ
ပတ်သက်လာသမျှလူတိုင်းနဲ့
တည့်အောင် ကြိုးစားလို့ နေထိုင်ပါ ။

လွဲချော်လို့ မခေါ်နိုင်တော့ရင်‌တောင်
အနည်းဆုံးတော့ အမုန်းမဖက်ပဲ
ခွင့်လွှတ်ခြင်းနဲ့ နားလည်ပေးလိုက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏