မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷၀ဋ်ကြွေးမပါအောင်ဂရုစိုက်ပါ🌷

ဘ၀အေးချင်ရင်
မကောင်းတဲ့စိတ်တွေမမွေးပါနဲ့ ။

မကောင်းတဲ့စိတ်ဟာ
ကိုယ့်ဘ၀ကို ပူလောင်စေပါတယ် ။

သူများကိုမနာလိုလို့ တိုက်ခိုက်ရင်
ကိုယ့်ဘ၀လည်း
ရေရှည်မအောင်မြင်နိုင်ပါဘူး ။

စား၀တ်နေရေးအတွက်
အပုတ်ချတိုက်ခိုက်မယ်ဆိုရင်လည်း

ကိုယ့်ရဲ့အသက်မွေး၀မ်းကြောင်းက
မစင်ကြယ်လို့ ဟန်မကျပါဘူး ။

သူများဂုဏ်ကိုဖျက်ရင်
ကိုယ့်ရဲ့ဂုဏ်ပါကျတတ်ပါတယ် ။

ကိုယ့်ရဲ့ မကောင်းတဲ့လုပ်ရပ်ဟာ
တစ်ဘ၀ထဲ ပြီးမသွားနိုင်ပါဘူး ။

ဘ၀သံသရာမှာ
ကိုယ့်ကိုလည်း အချောင်သက်သက်
အမြဲလိုလို တိုက်ခိုက်ခံကြရမှာပါ ။

ကိုယ့်လုပ်ရပ်တွေဟာ
ကိုယ်ပဲတာဝန်ယူကြရတာဖြစ်လို့
၀ဋ်ကြွေးမပါအောင်သတိထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏