မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ

🌺အသက်ကြီးလေအနှစ်ပြည့်ပါစေ🌺

အိုလာတဲ့အခါ အနှစ်ကျန်စေဖို့
နေ့စဥ် ဘာ၀နာတစ်ခုခုတော့
အလေ့အကျင့် ရှိနေဖို့လိုပါတယ် ။

ရုပ်ခန္ဓာကိုယ်ကြီးဟာ
အချိန်တန်ရင် အိုနာလာအုံးမှာမို့

မှတ်ဥာဏ်သတိတွေကောင်းတုန်းမှာ
ကိုယ်နှင့်လိုက်မယ့် နှလုံးသွင်းစရာ

စိတ်အေးစေမယ့်တရားတစ်ခုတော့
ရှာယူပြီး ကျင့်သုံးထားသင့်ပါတယ် ။

အသက်ကြီးလာလို့… တရားမရှိရင်
သောကကြီးသလို ဒေါသလည်းကြီး
ပြီးအများရဲ့ပစ်ပါယ်ခြင်းကိုခံရနိုင်
တယ် ။

တစ်ချိန်ကျရင် ကိုယ့်ကိုယ်ကိုတောင်
မသယ်နိုင် မထနိုင် ဖြစ်နိုင်တာမို့

မာနတွေလည်း ကြီးမနေပါနဲ့
ကုသိုလ်အထုတ်တွေပဲ ကြီးနေပါစေ ။

ဒေါသတွေ အရမ်းမကြီးပါနဲ့
မေတ္တာတရားတွေ ကြီးမားနေပါစေ ။

ကိလေသာတွေနည်းပါးပြီး
တရားအသိတွေ အားကောင်းနေမှ
အသက်ကြီးမှုကအဓိပ္ပါယ်ရှိပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏