မင်္ဂလာနံနက်ခင်းပါ

မိမိမှာစိတ်ကောင်းမရှိရင်
ပတ်ဝန်းကျင်ကောင်းမရှိနိုင်ပါဘူး ။

ပန်းတွေရဲ့သဘောဟာ
လှပြီးတော့မွှေးကြိုင်တယ်ဆိုရင်

ပျား ပိတုန်းတွေဟာ
ဝန်းရံ နေတတ်ကြသလိုပါပဲ ။

လူတွေစိတ်ဟာလည်း
ကိုယ်ကျင့်သီလတွေလှိုင်ပြီးတော့
မေတ္တာတွေနဲ့ လှနေမယ်ဆိုရင်

မိမိပတ်ဝန်းကျင်တွေလည်း
ဝန်းရံနေကြမှာ သေချာပါတယ် ။

ကံတရားရဲ့သဘာဝဟာလည်း
တရားမျှတမှုရှိပါတယ် ။

ကိုယ်မကောင်းဘူးဆိုရင်
တူသောအကျိုးရတတ်ပါတယ် ။

ဒါကြောင့်….
ဘယ်သူပဲမကောင်းကြပါစေ
ကိုယ်ကောင်းအောင်ကြိုးစားပါ ။

မိမိရဲ့ကောင်းတဲ့စိတ်သတ္တိဟာ
အဆိုးတွေကို အများကြီး
ပြောင်းလဲ သွားစေနိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏