မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အပိုတွေကို စိတ်ထဲမထားပါနဲ့

လူတွေဆီက
အကောင်းတွေချည်းရဖို့ဆိုတာဟာ
မဖြစ်နိုင်တဲ့ မျှော်လင့်မှုတွေပါ ။

ကိုယ်ကအပြစ်ကင်းအောင်နေလည်း
အကောင်းမပြောတတ်တဲ့သူဆိုရင်
အပြစ်တွေပဲ မြင်နေကြမှာဖြစ်သလို

ကောင်းအောင်ဘယ်လောက်လုပ်လုပ်
သူတိုမကြိုက်ရင်တော့
အတိုက်ခံလုပ်ပြီး ဖျက်နေကြမှာပါ ။

အထင်တွေနဲ့ပြောတဲ့စကားတွေကို
နေရာတိုင်း လိုက်ခံစားပြီးတော့
စိတ်မကောင်းလည်း ဖြစ်မနေပါနဲ့ ။

လမ်းမှန်ရောက်နေတဲ့သူဟာ
ဘေးကိုကြည့်မိတယ်ဆိုရင်တော့
လိုရာခရီးရောက်ဖို့ ကြာနိုင်ပါတယ် ။

ကိုယ့်ဘ၀လဲကျရင်တောင်မှ
ကူဖော်ထူဖော် မရတဲ့သူတွေဖြစ်လို့

ကဲ့ရဲ့ပုတ်ခတ်လာတဲ့
အဆိုးလောကဓံတွေကိုသည်းခံပြီး

အပိုလူတွေအတွက်ကို
စိတ်ထဲမထားပဲ လျှောက်လှမ်းပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏