ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများလျှောက်ထားနိုင်ပြီ

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို (ဇန်နဝါရီလ ၂၀ရက်)တွင် တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စတင်ထုတ်ပေးထားခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်သို့ အချိန်မီပေးပို့ ကြရမည် ဖြစ်သည်။

ထို့ပြင် လျှောက်ထားလိုသူများသည် အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်ဖြစ်ပြီး အရပ်(၅ ပေ ၃လက်မ)နှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)မှ ပေါင်(၁၃၀)ထက် မကျော်သူဖြစ်ရမည်ဖြစ်ကာ မျက်မှန်မတပ်ဆင်ထားသူဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။

အလားတူ အသက်(၂၅)နှစ်ထက်မကျော်လွန်သူရန်လိုအပ်ကာ မဟာဘွဲ့ရရှိပြီးသူများကို အသက်(၂၇)နှစ်အထိ လက်ခံသွားမည်အပြင် ပါရဂူဘွဲ့ရရှိပြီးသူများကို အသက် (၃၀)နှစ်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးထားသူ ဖြစ်ရမည်ပြီး ဘွဲ့လက်မှတ်(မူရင်း)နှင့် ဘွဲ့ရအမှတ်စာရင်း တင်ပြနိုင်ရန်လိုအပ်ကြောင်းလည်း သိရသည်။

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူရာတွင် မဟာဘွဲ့တက်ရောက်ရန် အဆင့်မီသူများကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး မဟာဘွဲ့ရရှိပြီးသူနှင့် ပါရဂူဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းဗိုလ်လောင်းသင်တန်းကို တက်ရောက်အောင်မြင်ပါက ဒုတိယဗိုလ်အဆင့်ကို စတင်ခန့်အပ်သွားမည်ဖြစ်ပြီး မဟာဘွဲ့ရရှိပြီးသူနှင့် ပါရဂူဘွဲ့ရရှိပြီးသူများသည် ဗိုလ်အဆင့် စတင်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။