ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ ကျင်းပမည်

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင်လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက်လမ်း၏ဘေးဘယ်ညာတွင်လည်းကောင်း၊ လာရောက်ဖူးမြော်ကြည်ညိုနိုင်သည်ဟုဆိုသည်၊၊
(က) ၃၉ လမ်း မှ ၇၃ လမ်းအတိုင်း
(ခ ) ၇၃ လမ်း မှ ၃၈ လမ်းအတိုင်း
( ဂ ) ၃၈ လမ်း မှ ၇၈ လမ်းအတိုင်း
(ဃ) ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း
လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်၍ ယင်းနေရာများ၌ လာရောက်ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊