ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေမှာ PDF များ ကျဆုံးမှုတွေ များပြားလာ

စစ်ကိုင်းတိုင်းတွင်းက မြို့နယ် ( ၁၄ ) ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီး နောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း PDF များရဲ့ အခြေပြုစခန်းတွေကို တိုက်ခိုက်ခံရလို့ အကျအဆုံးတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်…

အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ လျှို့ဝှက်သတင်းပေးချက်အရ PDF တွေ အခြေပြုနေရာတွေကို အတိအကျသိရှိရပြီး ရဟတ်ယာဉ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ရောက်ရှိရှင်းလင်းခံရမှုကြောင့် PDF များ အစုလိုက် အပြံလိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ..

စစ်ကိုင်းတိုင်းအတွင်း PDF အင်အားများတဲ့ ကျေးရွာတွေမှာ ပြည်သူအများစုက PDF တွေကို ကြောက်ရွံ့နေရပြီး အစားအသောက်ရိက္ခာတွေ ထောက်ပံ့ပေးရသလို လက် နက်ခဲယမ်းဝယ်ဖို့ ငွေကြေးတွေ လစဉ် အချိုးကျ ကောက်ခံမှုတွေကြောင့် သာမန် လက်လုပ်လက်စား ပြည်သူများ အခက်အခဲဖြစ်နေကြရပြီး ၎င်းတို့ကို မထောက်ခံပါက “ဒလန်” ဆိုတဲ့ စွပ်စွဲချက်နဲ့ tတ်ဖြတ်ခံရခြင်းကြောင့် ဒုက္ခရောက်နေကြပါတယ်…

ဒါကြောင့်လဲ PDF တွေရဲ့ အန္တရာယ် ကင်းဝေးစေရေး မိမိတို့ရွာအနီး PDF များမရှိစေရေးအတွက် ကျေးရွာသူကျေးရွာသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးမှုတွေ များပြားလာပြီး ယခုလို အခြေစိုက်စခန်းတွေ စီးနင်းတိုက်ခိုက်ခံရတာဖြစ်မယ်ထင်ပါတယ်..

ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းမှာ PDF ၃ ယောက်အထက် သေဆုံးခဲ့တဲ့ စာရင်းကတော့-

-ဖေ ၈ ရက် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းအနီး……PDF ၆ လောင်း

-ဖေ ၉ ရက် စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ပင်စောက်ကျေးရွာ………………………PDF ၅ လောင်း

-ဖေ ၁၁ ရက် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကန်ကျေးရွာအနီး………………………..PDF ၈ လောင်း

-ဖေ ၁၂ ရက် စစ်ကိုင်းတိုင်း ပုလဲမြို့ အရှေ့တောင်ဘက်…………………………………………PDF ၇ လောင်း

-ဖေ ၁၃ ရက် စစ်ကိုင်းတိုင်း ကသာမြို့နယ် လှေဘိုကျေးရွာအနီး……………………………..PDF ၅ လောင်း

-ဖေ ၁၄ ရက် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လည်ဇင်ကျေးရွာအနီး…………………………….PDF ၃ လောင်း

-ဖေ ၂၂ ရက် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မင်းရွာမြောက်ဘက်………….KIA/PDF ၁၀ လောင်း

-ဖေ ၂၃ ရက် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တာဝကျေးရွာ……………………PDF ၃ လောင်း
တို့ပဲဖြစ်ပါတယ်…

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ PDF တွေရဲ့အလောင်းပုံတွေကို “နွေဦးတော်လှန်ရေးသင်္ချိုင်းကုန်း” Telegram Channel ၊ Ko Thet Telegram Channel တို့မှာ သွားရောက် ကြည့်ရှုနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိတယ်လို့ စစ်ကောင်စီ telegram တွေမှာ ဖော်ပြလျက်ရှိပါတယ်..