ဇရပ်ကြီးမှာ အကြမ်းဖက်တွေရဲ့ လုပ်ရပ်ကို ပြည်သူတွေလက်မခံတော့ပြီ

အကြမ်းဖက်သမားများဖြစ်သည့် KNLA/PDF များ ဇရပ်ကြီးတပ်အား လာရောက်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာစဉ် လူနေအိမ်များကို မီးတင်ရှို့ခြင်းများနှင့် ပြည်သူလူထုအားလူသားဒိုင်းသဖွယ်ပြုလုပ်ဆောင်ရွက်ခဲ့တာကို အကြမ်းဖက်အားပေးမီဒီယာများမှ တပ်မတော်စစ်ကြောင်းများက လုပ်နေသယောင်ရေးသားနေကြပေမယ့်လည်း အမှန်တရားကို သိတဲ့ ပြည်သူတွေက အကြမ်းဖက်တွေကိုယ်တိုင် DROP ဗုံးချလို့ မီးလောင်ခဲ့တာကို ကိုယ်တိုင်တွေမြင်ရသူတွေပြောလာတဲ့အခါမှာတော့ အရှက်တွေ ဖြန်းဖြန်းကွဲပြီလေ……..

ပြည်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို လက်မခံတော့ဘူး…အရင်ကကြောက်လို့ ဘာမှမပြောရဲပေမယ့် အခုတော့ တပ်မတော်နဲ့ ပူးပေါင်းပြီး သတင်းပေးပို့မှုတွေလည်း ရှိလာကြောင်းကိုလည်း သိရှိရပါတယ်။