ဖမ်းဆီးရမိထားသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်အစိုးရထံ လွှဲပြောင်း

မြန်မာနိုင်ငံအစိုးရမှ ဖမ်းဆီးရမိထားသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှာ တရုတ် အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါတရားခံများမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး တရုတ်ဘက်ကဝရမ်း ထုတ်ထားတဲ့ ကိုးကန့်သူဌေးတချိုအပါအဝင် စုစုပေါင်း ၁၀ ဦးဖြစ်ကြောင်းသိရပြီး ၎င်းတို့ကို တရုတ်အစိုးရအနေနဲ့ နေပြည်တော်ထိလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။