ပြည်သူများရဲ့ ကျန်းမာရေး အစဉ်ထာဝရ စောင့်ရှောက်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၄၁ ပါးတို့ကို အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို) ကျောင်း တိုက်၌လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀)နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ သံဃာတော် ၆၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၅၁ ပါးနှင့် ဒေသခံပြည်သူ ၃၂ ဦး အဆိုပါရပ်ကွက်ကြီးရှိ ရွှေစေတီရိပ်သာခွဲ၊ ဇယန်း၊ နမ့်ဆမ်၊ သာသနာ့ရက္ခိတ သီလရှင်စာသင်တိုက်၌လည်းကောင်း အသီးသီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။