ပြည်သူတွေ သတိပြုသင့်တဲ့ အကြမ်းဖက်အားပေးလုပ်ရပ်

တောင်ကြီးမြို၊သစ်တောရပ်ကွက်အရှေ့မြိုပတ်လမ်း ပန်းလှိင်ဆေးရုံရှေ့ရှိရွှေညောင်ပင်ကွမ်းယာဆိုင်မှဆိုင်ရှင်
ဒေါ်နီလာဝင်း(ဂေါ်ရခါးလူမျိုး)သည်
အကြမ်းဖက်အားပေးနွေဦးတော်လှန်ရေး
စာတန်းပါ အင်္ကျီဝတ်ဆင်လျက်
ကွမ်းယာရောင်းချနေကြောင်း
တည်ငြိမ်အေးချမ်းရေးကို လိုလားသည့်
ပြည်သူများ၏သတင်းပေးချက်အရ
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ၁၀ နာရီတွင်
တာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ပြီး
ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်
အကြမ်းဖက်မှုတိုက်ဖျက်ရေး
ဉပဒေပုဒ်မ ၅၂ (က) ဖြင့်
တောင်ကြီးမြိုမရဲစခန်းမှ
အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

အလကားရလိုပဲ ဝတ်ဝတ်၊
ရည်ရွယ်ချက်နဲ့ပဲ ဝတ်ဝတ်၊
လူအများကြားမှာ မထီမဲ့မြင်နဲ့
အခုလို ဝတ်ဆင်တာဟာ
အကြမ်းဖက်အားပေးလှုဆော်မှုဖြစ်တဲ့အတွက်
အကြမ်းဖက်အားပေး မလိုလားတဲ့ ပြည်သူတွေက
ရဲကိုလက်တိုလိုက်လို အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အခုလိုအဖမ်းခံလိုက်ရလို
အနည်းဆုံးတော့ အမှုအခင်းဖြစ်ပြီး အလုပ်ပျက်၊
အကိုင်ပျက်နဲ့ အချုပ်ခံရ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကံမကောင်းရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်၊
အများဆုံး ၇ နှစ်ထိ ကျခံရမှာဖြစ်လို
နီနီစိမ်းစိမ်း ပြည်သူတွေ သတိပြုသင်ခန်းစာယူရမည်ဖြစ်ပါတယ်…