” ပံ့ သ ကူ ” ရဲ့အနက်အဓိပ္ပါယ် “

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

” ပံ့သကူ “ဆိုတဲ့…စကားလုံးလေးဟာ…
အတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီး…
မြန်မာတွေနားနဲ့ မစိမ်းလှပါဘူး….။

သို့သော်လည်း…..
ပံ့သကူနဲ့ပတ်သက်ပြီးတော့….
လူအများနားလည်ထားကြတာကတော့….
အခါကြီး ရက်ကြီးတွေမှာ….
လမ်းဆုံလမ်းခွတွေ လူသူလေးပါးအသွားအလာများတဲ့
နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီး
မည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချ
ထားခဲ့ရမယ်…ဒီလို ပြုလုပ်ခြင်းအားဖြင့်….
ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ
တိုးပွားလာလိမ့်မယ်……ဆိုတာလောက်ကိုဘဲ…
အများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ…..တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်း..
တကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်
အပြည့်အစုံကတော့….ဒီထက်မက အဓိပ္ပါယ် ခံယူချက်
ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်။

ဒါကြောင့်…..
ပံ့သကူရဲ့ ရည်ရွယ်ချက် အဓိပ္ပါယ် နှင့်
ပြုလုပ်ရမယ့်အချိန်အခါတွေကို တိတိကျကျ
သိရှိကြရအောင်လို့ အနည်းငယ်မျှရေးသားပေးပါရစေ။

ပံ့သကူရဲ့…
တကယ့်အနက်အစစ်က…#ပံသုကူလ ဆိုတဲ့…
ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး….
ပံသုကူလ……ပံသုကူ…….ထိုမှတဆင့် ပံ့သကူ လို့….
ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်…..
((ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်))
အဓိပ္ပါယ်ကတော့…..#ပါပံသုကူလ…
#မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့…
အဓိပ္ပါယ်ရပါတယ်။

ရှေးယခင်…..
မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါက….
ရဟန်းတော်တို့ဟာ….သင်္ကန်းအတွက်….
လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်
ဒီလိုရှာဖွေကြရတဲ့အခါ….

အဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာက
များသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း ၂နေရာသာ
ဖြစ်ပါတယ်….ဘာလို့လည်းဆိုတော့….
လူတွေက….မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့
ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး…
ထိုခေတ်အခါက….လူတွေသေလွန်ကြတဲ့အခါ…
အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာ
လာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။

ရဟန်းတော်တို့ဟာ….
ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကို
ကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်း
စသည်တို့ကိုပြုလုပ်ကြရပြီး….သင်္ကန်းအဖြစ်နဲ့
ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့ကြောင့်…. ဒီသင်္ကန်းမျိုးကိုလည်း ….#ပံသုကူလစီဝရံ… ပံ့သကူသင်္ကန်း # လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

(ဒီနေရာမှာ…..အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့…ပံ့သကူဆိုတာ….လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်….ဤကားစကားချပ်)

ဒီလောက်ဆိုရင်…ပံ့သကူရဲ့အနက်အဓိပ္ပါယ်ကို မိတ်ဆွေများအနေနဲ့အတော်အတန်သိရှိကြလောက်ပါပြီ။

အခုဖော်ပြခဲ့တာတွေကတော့….ပံ့သကူရဲ့
အနက်အဓိပ္ပါယ်တွေဘဲဖြစ်ပြီး…..ဒီနေရာမှာ…
အထူးသတိထားသင့်တာလေး တစ်ခုကတော့…

လူတွေရဲ့ …….အဝတ်အထည်တွေကို စွန့်ပစ်ကြမှုဟာ…
ရဟန်းတော်တို့ကိုသင်္ကန်းအဖြစ်ရရှိကြစေဖို့ရာ
ရည်ရွယ်တာမဟုတ်ဘဲ…..မိမိတို့မလိုချင်တော့လို့
ဝတ်မရလောက်အောင်ပျက်စီးသွားလို့…
လူသေသွားလို့ ထုံးစံအရ အလောင်းကောင်ကိုလူမမြင်အောင်လို့သာ…

အဝတ်တွေကိုစွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်…..
ဒါဆိုရင်…..ရဟန်းတော်တို့ သင်္ကန်းအဖြစ် စီမံချုပ်လုပ်ဝတ်ရုံလို့ရအောင်ရည်ရွယ်ပြီးတော့…

တမင်တကာပံ့သကူပစ်ထားခဲ့တာရော ရှိခဲ့ပါသလား
ဆိုရင်တော့…..ရှိခဲ့ပါတယ်လို့ဘဲ ဖြေရပါလိမ့်မယ်….
ရှိခဲ့တာမှ….လူတောင်မဟုတ်ပါဘူး….
နတ်သမီးတစ်ပါးဖြစ်ပါတယ်။

ဒါသည်ပင်လျှင် ပံ့သကူပစ်ခြင်းရဲ့အစလည်းဖြစ်တာမို့
ဒါလေးကိုလည်း သိသာရုံမျှ…ပြောပြပါရစေ။

#ပံ့သကူပစ်ခြင်းအစ#
~~~~~~~~~~~

အခါတစ်ပါးမှာ…
#အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး…ဟာ ဝတ်ရုံထားတဲ့
သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်…
အမှိုက်ပုံတွေမှာ…ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ…ထိုနေ့ဟာလည်း
#တန်ဆောင်မုန်းလပြည့်နေ့ရဲ့_နံနက်အစောပိုင်း
အချိန်အခါဖြစ်ပါတယ်။

ဒါကို…ကြိုတင်သိမြင်နေခဲ့တဲ့….
ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော
#ဇာလိနီနတ်သမီး…..ဟာ….
သူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်….
မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ…
နတ်အဝတ်၃ထည်ကို မသိမသာ
စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး….
ပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့
ကျမ်းအချို့မှာ ပြဆိုထားပါတယ်။

ဒါ့ကြောင့်…
#ပံ့သကူအစ_ဇာလိနီက….လို့တောင်
ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့….အသိပေးလိုက်ပါတယ်။။

အထက်မှာဖော်ပြခဲ့သလိုဘဲ….
ဇာလိနီနတ်သမီးရဲ့
တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာ
အဝတ်အထည်ပံ့သကူပစ်ခြင်းကို
အကြောင်းပြုပြီး….
#အခုခေတ်အခါကာလတွေမှာလည်း….
#တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း
#လပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာ…
#လူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီး….
#လူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ…
#ငွေ/#အဝတ်အထည်_စသည်တို့ကို_စွန့်ချထားခဲ့ကြပြီး #အယုတ်အလတ်အမြတ်မရွေး_မြင်တွေ့သူတို့
ရကြပါစေ…..။

ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ …
#အနှောင်အဖွဲ့ကင်းတဲ့_ကုသိုလ်ဒါနစိတ်တွေနဲ့….
ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်….။

“ချမ်းမြေ့ပါစေ-မေတ္တာရည်လျက်”
#crd_to_owner
#နော်ဂဲလယ်ထူး (စာပေ ပရဟိတ)