ပုသိမ်ကြီးက နတ်ဆိုးအမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင်အားဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှု ၄ ကြိမ်နဲ့ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့သည့် နတ်ဆိုး အမည်ခံအကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းအောင်(ခ) အားသစ်နှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူ ပပဝင်း ဆိုသူ အကြမ်းဖက်မတို့ကို ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြိုနယ်ရှိ “မဟာ” ဆေးခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင်လ ၁၂ ရက်တွင် နစကမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။