တိုက်စစ်မှူး အောင်ကောင်းမာန်ကို ထပ်မံခေါ်ယူခဲ့တဲ့ အူထိုင်းထာနီအသင်း

ယခုရာသီတွင် ထိုင်းလိဂ်- ၁ သို့ တန်းတက်ကစားခွင့်ရရှိထားသည့် အူထိုင်းထာနီအသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ခေါ်ယူပြီးနောက် ယခုအခါ တိုက်စစ်မှူး အောင်ကောင်းမာန်ကို ထပ်မံခေါ်ယူလိုက်ပါတယ်။

အူထိုင်းထာနီအသင်းသည် ထိုင်းလိဂ်- ၁ ကလပ် ချောင်ဘူရီ ကစားသမားဖြစ်သူ အောင်ကောင်းမာန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် တစ်ရာသီစာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အူထိုင်းထာနီအသင်းသည် အောင်ကောင်းမာန်ကို အပြီးသတ်ခေါ်ယူပြီးဖြစ်ကြောင်း ဇူလိုင်(၁၂) ရက် ညနေပိုင်းက အသင်း၏ တရားဝင် Facebook မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သည့်ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ချောင်ဘူရီအသင်းသို့ရောက်ရှိခဲ့ပြီး တစ်ရာသီခွဲစာချုပ် ချုပ်ဆိုခဲ့သော်လည်း ချောင်ဘူရီအသင်းက ထိုင်းလိဂ်- ၂ ကလပ် ကာစတမ်အသင်းသို့ ရာသီဝက်အငှားချခဲ့သည်။

အောင်ကောင်းမာန်သည် ယခုရာသီအတွက် ချောင်ဘူရီအသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင်ပင် ဝင်ရောက်ကစားနေပြီးမှ ယခုကဲ့သို့ ရုတ်တရက် အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

Photos : Uthai Thani