ပါကစ္စတန်မှာ အမြန်မီးရထားတစ်စင်း လမ်းချော်

ပါကစ္စတန်နိုင်ငံရဲ့တောင်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က အမြန်မီးရထားတစ်စင်း လမ်းချော်ပြီး အနည်းဆုံး လူ ၂၈ ဦးသေဆုံးကြောင်း ပြည်တွင်းမီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

“အခုအချိန်အထိ ကြားရတဲ့သတင်းတွေအရ ခရီးသည် ၂၈ ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူလည်း အများကြီးပါပဲ” လို့ ပါကစ္စတန်ရထားပို့ဆောင်ရေးဝန်ကြီး ခါဝါဂျာဆာအိရာဖီကူးက သတင်းထောက်တွေကို ပြောပါတယ်။