ပထမဆုံးပြည်တွင်းဖြစ်ရေငုပ်သင်္ဘောကို ထိုင်ဝမ်ထုတ်ဖော်ပြသ


ထိုင်ဝမ်ဟာ သူ့ရဲ့ ပထမဆုံးပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို စက်တင်ဘာ ၂၈ ရက်၊ မနေ့က ထုတ်ဖော်ပြသခဲ့ပြီး ပေကျင်းရဲ့ ခြိမ်းခြောက်မှု ရင်ဆိုင်နေရချိန်မှာ တိုင်ပေအစိုးရအနေနဲ့ စစ်ရေးတားဆီးအဟန့်အတားမြှင့်တင်ဖို့ အခုလိုထုတ်ဖော်ပြသနိုင်ခြင်းဟာ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ကျွန်းရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ သမ္မတက ချီးကျူးခဲ့ပါတယ်။